ပေါင်းတည်မှာ ရဲတပ်ကြပ်တဦးကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်ကာ အဆုံးစီရင်

publishers.adsterra.com အောက်တိုဘာ ၅၊၂၀၂၂
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေရဲစခန်းက ရဲတပ်ကြပ်တဦး အောက်တိုဘာလ ၅ ရက် ဒီနေ့နေ့လယ် ၁ နာရီလောက်မှာ ကိုယ့်ကိုကိုယ်သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။ banner အသက် ၃၀ နှစ်အရွယ်လောက်ရှိတဲ့ ရဲတပ်ကြပ်သော်ဇင်ထွန်း(ခ) ကတုံးဆိုသူဖြစ်ပြီး သူရဲ့နေအိမ်လိုင်းခန်းထဲမှာ တဦးတည်းရှိနေစဥ် ကိုယ်တိုင်သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
"နေ့လယ် ၁ နာရီလောက်မှာ စခန်းရဲ့နောက်ဖက်ကနေ သေနတ်သံတွေကြားတော့ ရဲတွေက ပီဒီအက်ဖ်တွေဆိုပြီး စခန်းနောက်ကိုမဲနေတာ အဲဒီအချိန်က ကတုံးရဲ့ ဂျူတီချိန်။ ဂျူတီချိန်မှာ သူမရှိလို့ သူ့အခန်းသွားကြည့်မှ ခြင်ထောင်ထဲမှာ သွေးတွေအိုင်ထွန်းပြီး သေနေတာ ကျည်ဆံတွေကလည်း သူ့ရဲ့ခြင်ထောင်ထဲကတွေ့တယ်"လို့ ပြောပါတယ်။ ငုတ်တုတ်အနေအထားနဲ့ သေနတ်ကိုပေါင်ခြားညှပ်ကာ လည်ပင်းကိုတေ့ပစ်ခဲ့ပုံရပြီး၊ လိုင်းခန်းခေါင်းမိုးမှာလည်း သေနတ်ကျည်ပေါက်ရာတွေ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။ သေဆုံးတဲ့ရဲဟာ အရက်သေစာသောက်စားတတ်ပြီး၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ ရခိုင်ကနေ အခုစခန်းကိုပြန်ရောက်လာကာ ပေါင်းတည်မြို့သားတဦးဖြစ်တယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။ ဒါ့အပြင်အဲဒီရဲစခန်းက စခန်းမှူးကျော်မင်းဦး ဆိုသူဟာလည်း ပြီးခဲ့တဲ့ ၂ လလောက်ကစလို့ မကြာခဏဆိုသလို သတ်သေချင်ကြောင်း ပြောဆိုလေ့ရှိပြီး၊ သြဂုတ်လ ၈ ရက်ကတော့ အမှုလာရောက်တိုင်ကြားသူကို သေနတ်နဲ့ချိန်ကာ ပစ်သတ်ဖို့အားထုတ်ခဲ့တာကြောင့် စုံခုံဖွဲ့စစ်ဆေးခံခဲ့ရပြီး စက်တင်ဘာလကုန်လောက်ကပဲ နယ်ပြောင်းရွှေ့ခံခဲ့ရတယ်လို့ သိရပါတယ်။ မိတ်ဆွေရဲ့clickတချက်ဖြင့်ကျွန်တော့်ကိုကူညီပါ" ဒီမှာနှိပ်ပါ>>>>click here^^^ မိတ်ဆွေရဲ့clickတချက်ဖြင့်ကျွန်တော့်ကိုကူညီပါ" ဒီမှာနှိပ်ပါ>>>>click here^^^

Comments