ကန့်ဘလူမြို့နယ် ဇော်ချောင်း ရွာလုံးကျွတ်မီးရှို့ခံရ
ကန့်ဘလူမြို့နယ် ဇော်ချောင်း ရွာလုံးကျွတ်မီးရှို့ခံရ
အောက်တိုဘာ ၆၊ ၂၀၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာ တစ်ခုလုံး ယနေ့ နေ့လည်ခန့်တွင် မီးရှို့ခံလိုက်ရကြောင်း သိရသည်။
တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၆၃ စစ်ကြောင်းမှ အင်အား ၇၀ ဝန်းကျင်ရှိကာ ယမန်နေ့ည လွင်ကြီးကျေးရွာတွင် ညအိပ်ပြီး ယနေ့ ဇော်ချောင်းကျေးရွာကို စစ်ကြောင်းပြန်ဝင်ကာ မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“ ဒီကနေ့တော့ ဇော်ချောင်းကို အကုန်လုံးကိုမီးရှို့လိုက်တယ်။ နေအိမ်ကတော့ ၁၀လုံးလောက်ပဲကျန်တော့မယ် မနေ့ကလွင်ကြီးမှာအိပ်တယ် ဒီကနေ့မှာ ဇော်ချောင်းကိုတစ်ကျော့ပြန်လာတာပေါ့ ၁၂နာရီဝန်းကျင်လောက်မှာစရှို့တာ ကျန်လည်းနဉ်းနည်းပဲ ပြာပုံအတိဖြ
စ်သွားပြီ” ဟု ဒေသခံတစ်ဦးကဆိုသည်။
Crd
Comments
Post a Comment