ဆားလင်းကြီးတွင် သေနတ်လွယ်ပြီး စျေးလာဝယ်သည့် ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၄ လက် သိမ်းဆည်းသွား
https://publishers.adsterra.com/referral/UxCG6iATwi
(အပြာရောင်စာတန်းကိုတချက်နှိပ်ရုံဖြင့်ကျွန်တော်ရဲတင်ဆက်မှုအားပိုမိုကောင်းမွန်စေပါတယ်
>(click here)
. .
ရန်ကုန်၊ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစျေးတွင် ယမန်နေ့ သေ
နတ်လွယ်ပြီး စျေးဝယ်ထွက်လာသည့် ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦး ပစ်ခတ်ခံရပြီး
သေဆုံးသွားကာ သေနတ် ၄ လက် သိမ်းဆည်းခံလိုက်ရကြောင်း ရဲသတင်း ရင်းမြစ်
နှင့်ဒေသခံများထံမှ သိရှိရသည်။ --
(အပြာရောင်စာတန်းကိုတချက်နှိပ်ရုံဖြင့်ကျွန်တော်ရဲတင်ဆက်မှုအားပိုမိုကောင်းမွန်စေပါတယ်
>(click here)
-->
အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး
နံနက်ခင်းစျေးသို့ ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦးဖြစ်ကြသည့် ရဲ ဒုတပ်ကြပ် ညီညီထွေး
၊ ရဲဒုတပ်ကြပ် စည်သူစိုး ၊ ရဲတပ်သား အောင်ဆန်းဝင်း နှင့် ရဲတပ် သား ဇင်ကိုဖြိုးတို့
သေနတ်များ လွယ်၍ စျေးဝယ်ထွက်လာကြကြောင်း၊ ရဲ ၄ ဦးကို ကားတစ်စီးဖြင့်
လာရောက်ပစ်ခတ်ပြီး ရဲ ၄ ဦးလုံး သေဆုံးကာ လက်နက် ၄ လက်နက်ကို သိမ်းဆည်းသွားကြောင်း
သိရှိရသည်။
--
(အပြာရောင်စာတန်းကိုတချက်နှိပ်ရုံဖြင့်ကျွန်တော်ရဲတင်ဆက်မှုအားပိုမိုကောင်းမွန်စေပါတယ်
>(click here)
--
"ရဲ ၄ ဦးက သေနတ်တွေလွယ်ပြီး အရပ်ဝတ်တွေနဲ့လာတာပါ။ ကားနဲ့ လာပစ်သွားပြီး လက်နက်တွေ
ကောက်ယူသွားတယ်။ ပစ်ခတ်မှုဖြစ်တာ ၅ မိနစ်၊ ၁၀ မိနစ်ပဲ အရမ်းမြန်တယ်။ နောက်တော့
တစ်စျေးလုံး အကုန်ဆိုင်တွေ ပိတ်ပြီး စျေးက လူမရှိတော့ဘူးဖြစ်သွားတယ်။ မနေ့ညကလည်း
ဆားလင်းကြီးမြို့ပေါ်မယ် ကင်းတွေ ပတ်တယ်။ ရဲတွေက လက်ဖက်ရည်ဆိုင်ထိုင်လည်း အပစ်ခံရ၊
စျေးသွားလည်း အပစ်ခံရဖြစ်နေတာ" ဟု ဆားလင်းကြီးမြို့ခံတစ်ဦးက ပြောဆိုသည်။
Comments
Post a Comment