ချင်းတွင်း စကစသင်္ဘော ၁၃ စီး တိုက်ခိုက်ခံရ၊ စနိုက်ပါလက်ချက်ဖြင့် ငါးဦးသေဆုံး

အောက်တိုဘာ ၈၊ ၂၀၂၂ ချင်းတွင်းအထက်ပိုင်းသို့ ဆန်တက်လာသည့် အကြမ်းဖက်စစ်ကောင်စီစစ်သင်္ဘောအပါအဝင် ရေယာဥ် ၁၃ စီးကို PDF က တိုက်ခိုက်ခဲ့ရာ PDF တို့၏ စနိုက်ပါလက်ချက်ဖြင့် ငါးဦး သေဆုံးခဲ့ သည်။ အဆိုပါ ရေယာဥ်၁၃ စီးကို ယနေ့နံနက် ၇ နာရီခန့်က ကြောင်မျှော်တောင်အရောက်တွင် KLG PDF(ကျောက်လုံးကြီး)နှင့် ဒေသခံပကဖများ ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်အစုံဖြင့် တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။ “၃ ရက်နေ့ထဲက မုံရွာကနေ အထက်ပိုင်းကို ဆန်တက်လာတာဗျ။ စစ်သင်္ဘောအပါအဝင် ၁၃ စီး။ ကြောင်မျှော်တောင်အနီးမှာ တိုက်ခဲ့တယ်။ စနိုက်ပါမိပြီး စကစ ငါးကောင် သေတယ်” ဟု KLG PDF(ကျောက်လုံးကြီး)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောဆိုသည်။
စစ်သင်္ဘောပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသည် စနိုက်ပါထိ၍ ရေထဲသို့ ကျပြီး သေဆုံးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုသည် KLG PDF(ကျောက်လုံးကြီး)အဖွဲ့၏ သီတင်းကျွတ်ကုသိုလ်ကောင်မှုဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ “၃ ၊ ၄ ၊ ၅ ၊ ၇ ရက်နေ့တွေမှာ ကျွန်တော်တို့အဖွဲ့တိုက်ခိုက်ခဲ့တယ်ဗျ။ ၃ ရက်နေ့ တိုက်ပွဲမှာ စကစ ၁၅ ကောင်သေတယ်။ နှစ်ကောင် ဒဏ်ရာရတယ်။ သင်္ဘောတစ်စီး မီးလောင်တယ်။ ကနီမြို့နယ် ချောင်းဝကြီးရွာအနီးမှာ သူတို့တွေ(စကစ) ညအိပ်ခဲ့တယ်။ ၄ ရက်နေ့မှာ ချောင်းဝကြီးရွာနဲ့ ကနီမြို့အကြား ပွိုင့် ၇ နေရာယူပြီး ကျွန်တော်တို့ တိုက်ခဲ့တယ်။ စကစ ၁၀ ကောင် သေတယ်ဗျ“ ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်က တိုက်ပွဲတွင် KLG PDF(ကျောက်လုံးကြီး)အဖွဲ့မှ ရဲဘော်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ၁၇ ချက် ချုပ်လိုက်ရကာ လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီ စစ်သင်္ဘောများ မင်းကင်းနယ်မြေထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း KLG PDF (ကျောက်လုံးကြီး)အဖွဲ့ထံမှ သိရသည်။ ဓာတ်ပုံ- KLG PDF (ကျောက်လုံးကြီး) MPANews ဒီလေယာဉ်တွေကိုအမေရိကန်ဘယ်နိုင်ငံမရောင်းဘူး😅
ကြည့်ရန်နှိပ်ပါ👉 youtube 👈 ယူကရိန်းတွေ ရုရှားတပ်ကိုသင်္ချိုင်းပို့ပေးနေတဲ့လက်နက်ကြီး
ကြည့်ရန်နှိပ်ပါ👉 youtube 👈

Comments