KIA/PDF အဖွဲ့ အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟူသော သတင်းအမှား ထပ်ဖြန့်နေ

အောက်တိုဘာ ၂၊ ၂၀၂၂ ဖားကန့် လွှတ်တော်ကိုယ်စားလှယ် ‘အောင်ဟိန်းမင်းခေါင်းဆောင်သည့် KIA နှင့် PDF အဖွဲ့မှ ဓားမြတိုက်ထားသော ငွေများဖြင့် ဖားကန့်မြို့ KTVတွင် ပျော်ပါးနေချိန် အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုဖြစ်ပွားခဲ့သည်’ ဆိုပြီး ဝါဒဖြန့်သတင်းအမှား ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့်သတင်းအမှားကို အောင်ဟိန်းမင်းနှင့်ပတ်သက်၍ မကြာမန သတင်းအမှားဖြန့်ဝေနေသော “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်သည် “Manaw Myay” “Kachin Land” “Oo Sitt” စသည့်အကောင့်များနှင့်အတူချိတ်ကာ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ Content by Kachin News Group

Comments