NUG လက်အောက်ရှိ တော်လှန်ရေးအဖွဲ့များ၏ စစ်ဘက်ဆိုင်ရာ ပြစ်မှုများစီရင်ရန် စစ်တရားရုံးများ စတင်မည်

အောက်တိုဘာ ၃၊ ၂၀၂၂ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ တော်လှန်ရေးအဖွဲ့များ၏ စစ်ဘက်ဆိုင်ရာပြစ်မှုများကို အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် စစ်တရားရုံးကို မကြာမီတွင် စတင် လည်ပတ်နိုင်တော့မည် ဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာနက သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းပြီး ဥပဒေပညာရှင်များပါဝင်သည့် စစ်တရားရုံးကို ယခုအောက်တိုဘာလတွင် စတင်နိုင်ဖွယ်ရှိကြောင်း တရားရေးဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးမင်းနောင်ခိုင် ထံကသိရသည်။ “တပ်မတော်တစ်ခုဖြစ်လာပြီဆိုရင် စည်းကမ်းသေဝပ်မှုက အရမ်းကို အရေးကြီးတယ်။ အမိန့်နာခံဖို့ကလည်း အလွန်အရေးကြီးတယ်။ ဒါမျိုးတွေရှိဖို့ကလည်း ဥပဒေပြဌာန်း ပြီးတော့ စနစ်တကျလုပ်ရမှာပေါ့။ လောလောဆယ်မှာတော့ စစ်တရားရုံးတွေ ဖွဲ့စည်းပြီးတော့ စစ်ဘက်ဆိုင်ရာ ပြစ်မှုတွေကို စီရင်ဖို့ဖြစ်ပါတယ်။ NUGရဲ့ တရားဝင် MOD အောက်မှာရှိတဲ့ တရားဝင်တပ်တွေအားလုံးပေါ့။ တရားဝင်တပ်တွေ အားလုံးကို တရားစီရင်ဖို့ပေါ့။ စစ်ဘက်တရားစီရင်တဲ့စနစ်နဲ့ တရားစီရင်ဖို့ပေါ့။ ဒီလထဲမှာကို စပါလိမ့်မယ်” အမြဲတမ်း အတွင်းဝန် ဦးမင်းနောင်ခိုင်က မဇ္ဈိမကိုပြောသည်။ တပ်များ၏ စစ်စည်းကမ်းသေဝပ်မှု ၊ အမိန့်နာခံမှုများနှင့်စစ်ဘက်ဆိုင်ရာ အမှုအခင်း များနှင့် ပတ်သက်သည့် တရားစီရင်မှုများ ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိ အချိန်တွင် ဥပဒေများလည်း ရေးဆွဲလျက်ရှိနေကြောင်းသိရသည်။ ထို့အပြင် NUG တရားရေးဝန်ကြီးဌာနသည် စစ်ကိုင်းနှင့်မကွေးတို့တွင်လည်း ပြည်သူများ ကြားက အမှုအခင်းများအတွက် တရားစီရင်ရေးများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ အရေးယူခံရသည့် တရားခံများကို ဖမ်းဆီးချုပ်နှောင်ရန်အတွက် အကျဉ်းထောင်များ လည်း တည်ဆောက်ထားပြီး မကြာမီတွေ့မြင်ရမည်ဖြစ်ကြောင်းသိရသည်။ ဒီမှာတစ်ချက်နှိပ်ပါ (clickhere) “စစ်ကိုင်းမကွေးဘက်မှာ တရားစီရင်ရေးစနေပါပြီ။ လောလောဆယ်မှာတော့ ပြည်သူက နေပြည်သူကို တရားစီရင်တဲ့ စနစ်ပဲပေါ့။ ကျေးရွာမှာရှိတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို ရွေးချယ်ပြီးတော့ တရားစီရင်ကြတယ်။ ဖြစ်နိုင်သမျှတော့ ဥပဒေပညာရှင် တွေပါဝင်တယ်” ဟုဦးမင်းနောင်ခိုင်ကဆိုသည်။ ဒီမှာနှိပ်ပါ (click here) လက်နက်ကိုင်တော်လှန်ရေး တစ်နှစ်ကျော်လာချိန်တွင် တော်လှန်ရေး နယ်မြေများ အတွင်း မှားယွင်း သတ်ဖြတ်မှုများနှင့် အခြားပြဿနာများကြုံတွေ့နေရသည်။ အထူးသဖြင့် ဗိုလ်သံမဏိဖြစ်စဉ်နှင့် ဆောမြို့နယ်အတွင်းက မိသားစုလိုက် အသတ်ခံရမှုဖြစ်စဉ်တို့သည် ထင်ရှားသော ပြဿနာများဖြစ်သည်။ Mizzima Content by 𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 🕊

Comments