pdfကိုထောက်ခံသည့်ရွာများမီးရှို့မည်ဟုကြွေးကြော်သောဘုန်းကြီးတစ်ပါးမိုင်းခွဲခံရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် PDF ထောက်ခံသည့်ရွာများကို အကုန်မီးလိုက်ရှို့မည်ဟု ကြွေးကြော်ထားသည့် သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝါသဝ မိုင်းဆွဲခံရပြီး ခြေထောက်တစ် ဖက်ဖြတ်လိုက်ရကြောင်း ဒေသတွင်းသတင်းများရေးသားနေသည့် Infinity Group က ယနေ့အောက်တိုဘာလ ၂ ရက်နေ့တွင် ဖော် ပြထားသည်။
အဆိုပါ သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင်သည် ကျွန်းလှမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့တွင် ပျူစောထီးသင်တန်းတက်ရန် လိုက်လံစည်းရုံး နေကာ PDF ထောက်ခံသည့်ရွာအကုန်လုံးကို မီးရှို့ပစ်မယ်ဟု ကြွေး ကြော် နေသူဖြစ်သည်။
၎င်းသည် ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် သွေး ၂ လုံး သွင်းခဲ့ရပြီး ယနေ့ အောက်တိုဘာလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တ လေးဆေးရုံသို လွှဲလိုက်ကြောင်း သိရသည်။
ဝါသဝသည် ဘာသာရေးအကြမ်းဖက်ရန် ဟောပြောနေသည့် မဘသဘုန်းကြီးတစ်ပါးဖြစ်ပြီး ၎င်းနှင့်အတူ ကား ပေါ်တွင် လိုက်ပါလာ သော ပျူစောထီး ၂ ဦးလည်း သေဆုံးသွား ခဲ့ကြောင်း သိရသည်။
ပျူ စောထီး ခေါင်း ဆောင် ဝါသဝ လိုက်ပါလာ သော ကားကို စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်အ နောက်ဖက်ရှိ မှော် တော်ရွာနှင့် တောက္ကရှပ်ရွာကြား၌ ရွှေဘိုခရိုင်တပ်ရင်း (၁၆) Taze Revolution Force–TRF က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
Comments
Post a Comment