မန္တလေး သံဃသမဂ္ဂ ဦးဆောင်ဆရာတော် ဖမ်းဆီးခံရပြီးနောက် ရိုက်နက်ခံထားရ
မန္တလေး သံဃသမဂ္ဂ ဦးဆောင်ဆရာတော် ဖမ်းဆီးခံရပြီးနောက် ရိုက်နက်ခံထားရ
မြေပြင်သပိတ် အဖွဲ့ဝင်များကိုလည်း စစ်ကောင်စီက လိုက်ရှာနေ
နိုဝင်ဘာ ၁ ၊ ၂၀၂၂
မန္တလေးမြို့တွင် သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာ တော်တစ်ပါး ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ရစရာမရှိအောင် ရိုက်နက်ခံထားရကြောင်း ဒေသခံများကပြောသည်။
ယနေ့ နေ့ခင်းပိုင်းက ၈၄ လမ်း ၄၃ လမ်း နှင့် ၄၅ လမ်းကြားရှိ မြင်းဝန်မင်းကြီး ကျောင်းတိုက်ကို စစ်အုပ်စုက ကား ၃ စီးဖြင့် ဝင်ရောက်စီးနင်းပြီး စစ်အာဏာရှင် ဆန်ကျင်ရေး ဆန္ဒပြတောင်းဆိုသူများကို လိုက်လံရှာဖွေ ခဲ့ကြောင်း ဒေသခံများကပြောသည်။
လက်ရှိတွင် ဆရာတော်အား သံခြေချင်းခတ်ထားကာ ရစရာမရှိအောင် ရိုက်နှက်က်ထားကြောင်း မြေပြင်သတင်း အရင်းအမြစ်များကဖော်ပြကြသည်။
သံဃသမဂ္ဂ (မန္တလေး) ၏ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သ ပိတ်အင်အားစုမှ သပိတ်တက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား လူငယ်များဖြစ်ကြသည့် ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ သည် မန္တလေးမြို့၌ ( အောက်တိုဘာ ၃၀ ရက် ) တရက်တည်းမှာပင် စစ်ကောင်စီအဖွဲ့၏ ဖမ်း ဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော် အပါအဝင် ဖမ်းဆီးခံထားရသူ များနဲ့ ပက်သက်ပြီး အသက်အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက စစ်အုပ်စု တာဝန်ခံရမည်ဖြစ်ကြောင်း မန္တလေး သပိတ်အင်းအားစု နဲ့ သံဃသမဂ္ဂ (မန္တလေး) ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံလိုက်ရသော သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော် ဦးကလျာဏ (ခ) ဦးယောကြီးသည် ရဟန်းစာ စာသင်စာချနေသော ငယ်ဖြူ စာချရဟန်းငယ်တပါး ဖြစ် ကြောင်း သိရသည်။
Burma Associated Press
Crd 𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 🕊
Comments
Post a Comment