လက်နက်ကြီး ထိမှန်မှုကြောင့် ဇနီးမောင်နှံ နှစ်ဦး သေဆုံး၊ ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ
Ads by Eonads
Ads by Eonads
နို၀င်ဘာ ၃၊ ၂၀၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ရွာမကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် အဆိုပါကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခက်သည့်အတွက် ဒေသခံ နှစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးသွားသည် ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စံတော်သာကုန်းကျေးရွာတွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ်ဇနီးမောင်နှံ နှစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့သည်ဟု ကောလင်းတော်လှန်ရေးအဖွဲ့ဝင် (KawlinRevolution) တစ်ဦးက ပြောသည်။
“မနက် ၉ နာရီကျော်လောက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက်ဆယ်မိနစ်လောက် ကြာတော့ ဒေါ်ပုနဲ့ ဦးစိုးမြင့်တို့ နှစ်ဦး လက်နက်ကြီးထိပြီး ဆုံးသွားတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် စံတော်သာကုန်းကျေးရွာအတွင်း ၀င်ရောက်တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
Ads by Eonads
၎င်းက “စစ်ကောင်စီတပ်တွေ ကျေးရွာတွေထဲ ၀င်ရောက် တပ်စွဲ၊နေအိမ်တွေကို မီးရှို့တာတွေ လုပ်တော့ ဒေသခံပြည်သူတွေထွက်ပြေးနေကြရတာ အခုဆို ဒေသခံပြည်သူ ၅၀၀၀ နီးပါးလောက် ရှိတယ်။ သူတို့ရဲ့ စား၀တ်နေရေးတွေကိုတော့ NUG လက်အောက်ခံမြို့နယ်တာ၀န်ခံနဲ့ နယ်မြေခံပအဖတွေနဲ့ ချိတ်ဆက်စောင့်ရှောက်နေတာတော့ ရှိပါတယ်” ဟု ဆိုသည်။
အောက်တိုဘာ ၂၅ ရက်ကလည်း ကောလင်းမြို့အနောက်ဘက်ပိုင်း အထက်သီတရာကျေးရွာမှ ကိုမြတ်သူအောင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်စစ်ဆေးနေစဉ် သေဆုံးခဲ့ဖူးသည်။
Than Lwin Khet
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 🕊
ကောလင်းမြို့နယ်အတွင်းက ကျေးရွာ တစ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးခဲ့သည့် မြင်ကွင်း (ပုံဟောင်း - CJ)
Comments
Post a Comment